Monday, August 4, 2008

Panoramio


ဘယ်တော့မှမပြောင်းလဲဘူး …


ငါ ဆန့်ထုတ်လိုက်တဲ့လက်ထဲမှာ

မျှော်လင့်ချက်တစ်ခု … ပါစေချင်တယ် …


ဟိုးအဝေးမှာပဲ လင်းမနေနဲ့ပေါ့ …

ငါ့အနားကိုမှ ဖြာကျရင်

… မင်း …

လိပ်ပြာသန့်သင့်ပါတယ် နေရောင်ခြည် …


ဒိုင်ယာရီမှာရေးတော့

ဘောလ်ပင်က မှင်ကုန်လို့ …

အပြင်မှာ ကြည့်တော့လဲ

မိုးတွေသဲလို့ …


ဘယ်တော့မှမပြောင်းလဲပါဘူး …


အလင်းကိုကွယ်နိုင်တာဆိုလို့

မင်းပဲရှိတယ် အရိပ်ရယ် …

ငါ့အလင်းကိုလဲကာကွယ်ပါ …

မလိုအပ်ပဲ စူးရှနေလို့ …


အမှောင်မှာလင်းတော့လဲ

… … မြင်တယ် … …

ဆူးတွေကိုတော့မနှုတ်နဲ့ …

ငါ … နာကျင်ခြင်း ကို တီးခေါက်တုန်း …


အလျဉ်းသင့်လို့ပွင့်လိုက်တာ

မွှေးမြနိုင်မယ်လို့တော့ မထင်ဘူး …

ညှိုးသွားရင် မခူးနဲ့ …


ဘယ်တော့မှမပြောင်းလဲပါဘူး …


အေးစက်ခဲ့ဖူးမယ် …

ဆောင်းခိုတုန်းကလဲဖြစ်ချင်ဖြစ်မယ် …

နွေရာသီရောက်လို့မှ ပိတောက်မပွင့်ရင်

( မင်းသိပါလိမ့်မယ် )

ငါတို့ရိုင်းတော့မယ် …


ဆက်သွားချင်ရင် သွားကြတာပေါ့ …

ဟောဟိုနားက လောင်စာဆိုင်က

… ဈေးချိုတယ် …


ဘယ်တော့မှ မပြောင်းလဲပါဘူး …


ရှေ့နားမှာတော့ လမ်းဆုံရောက်ပြီ … …


တည်ညိမ်းကို




1 comment:

  1. လောကကြီး
    နာကျင်မှုတွေ
    စွန့်လွှတ်ရမည့် အရာများ
    ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete