Friday, May 9, 2008

ညစာချန်သူများ

အရိပ်ကိုကြည့်ပြီး အရပ်တိုင်းသူများနဲ့

မနေ့ညက

ညစာအတူစားခဲ့ရ …


အတိတ်ကရွှေထီးဆောင်းခဲ့တာတွေ

စားမြုံ့မပြန်ကြေး

အဲဒီလိုပြောရင်း ၀ီစကီသောက်ခဲ့တယ် …

တစ်ယောက်ပြီးတစ်ယောက် ရွက်လွှင့်သွားလိုက်တာ

ကိုယ့်ကျောကိုယ်သတ်ရင်း

တစ်ယောက်ထဲ ကျန်ခဲ့တဲ့အထိ …


ပန်းပင်စိုက်တုန်းကတော့

ပန်းဘယ်နှစ်ပွင့် ပွင့်မယ်လို့ကြိုသိမလဲ

တခါတခါ ကံကြမ္မာက …

အဲဒီလို … … မှော်ဆန်တယ် … …


ကိုယ့်လမ်းကိုယ်လျှောက်တာချင်းအတူတူ

ကျဉ်းတဲ့လမ်းက ကျဉ်းပြီး

ကျယ်တဲ့လမ်းက ကျယ်တယ် …

လမ်းကျယ်တဲ့လူက ဖိနပ်ကြီးကြီးစီးနိုင်ပြီး

လမ်းကျဉ်းတဲ့လူက ဖိနပ်သေးသေးပဲစီးနိုင်တယ် …

ဖိနပ်ကြီးကြီးစီးနိုင်တဲ့လူက မျက်နှာကြီးပြီး

ဖိနပ်သေးသေးစီးနိုင်တဲ့လူက မျက်နှာငယ်တယ် …

သင်တို့ဘ၀တွေကရော

ဘယ်လိုပုံစံနဲ့ နေမြင့်ခဲ့ကြပြီလဲ …


ကမ္ဘာပေါ်မှာ

ကိုယ့်ကိုယ်ကို ပြန်မျှားတဲ့သတ္တ၀ါဟာ

လူတစ်မျိုးပဲရှိပါတယ် …

တည်ညိမ်းကို


2 comments:

  1. ငါလမ်းငါ့လမ်းငါလျှောက်တာပဲ သူတို့လဲသူတို့လမ်းသူတို့လျှောက်နေကြတာပဲ ဒါပေမဲ့ ဘာကြောင့်များ သူတို့တွေက အဲလို...?
    ဟုတ်တယ်ကိုတည်ရေ အဲလိုပြန်မျှားတဲ့သတ္တ၀ါတွေက အတော်ကိုလန့်စရာကောင်းဆုံးပဲနော် ...၊
    အဆင်ပြေပါစေကိုတည်ရေ...း)

    ReplyDelete
  2. ကိုTကြီးရေ မိုက်တယ်ဗျို့ အားကျ အတုယူရမယ့် အရေးအသားတွေပါ ၊ အဆင်ပြေနေကောင်းပြီဆိုရင် ကဗျာကောင်းကောင်းလေးတွေ ဖတ်ရတော့မယ်နော် အမြန်ဆုံး နေပြန်ကောင်းပါစေ :)

    ReplyDelete