အရုပ်
မနေ့က ကောက်ရခဲ့တဲ့ ပင်လယ်မှာ
အသက်ရှူသံပါမလာလို့
ရေခဲသေတ္တာထဲ ပစ်ထည့်ထားလိုက်တယ် …
ပြီးတော့မှ သတိရလို့
လှောင်အိမ်ထဲက ငှက်ကလေးကို
အပြေးအလွှား သံပတ်ပေးခဲ့ရ …
စက်ဘီးလေးကို အိပ်ရာနှိုးရင်း
မနက်စာစားဖို့
သူတစ်လမ်း ကိုယ်တစ်လမ်းသွားခဲ့တယ် …
ဒီဖက်ခေတ်ရဲ့ အသစ်လွင်ဆုံး အအေးဆိုင်တွေက
ကြံရည်တစ်မျိုးပဲ ရောင်းတော့တယ် …
ကြံရာမရတဲ့ အဆုံး
ကြံရည်ကိုပဲသောက် …
ဟိုဟိုဒီဒီငေး …
ခန္ဓာကိုယ်က တဖျစ်ဖျစ်မြည်လာမှ
အမောတကောအိမ်ပြန်ပြေးလာရ
ငါ့ကို …
သူများပေးထားတဲ့ သံပတ်လေးက လျော့နေပြီ …
တည်ညိမ်းကို
မနေ့က ကောက်ရခဲ့တဲ့ ပင်လယ်မှာ
အသက်ရှူသံပါမလာလို့
ရေခဲသေတ္တာထဲ ပစ်ထည့်ထားလိုက်တယ် …
ပြီးတော့မှ သတိရလို့
လှောင်အိမ်ထဲက ငှက်ကလေးကို
အပြေးအလွှား သံပတ်ပေးခဲ့ရ …
စက်ဘီးလေးကို အိပ်ရာနှိုးရင်း
မနက်စာစားဖို့
သူတစ်လမ်း ကိုယ်တစ်လမ်းသွားခဲ့တယ် …
ဒီဖက်ခေတ်ရဲ့ အသစ်လွင်ဆုံး အအေးဆိုင်တွေက
ကြံရည်တစ်မျိုးပဲ ရောင်းတော့တယ် …
ကြံရာမရတဲ့ အဆုံး
ကြံရည်ကိုပဲသောက် …
ဟိုဟိုဒီဒီငေး …
ခန္ဓာကိုယ်က တဖျစ်ဖျစ်မြည်လာမှ
အမောတကောအိမ်ပြန်ပြေးလာရ
ငါ့ကို …
သူများပေးထားတဲ့ သံပတ်လေးက လျော့နေပြီ …
တည်ညိမ်းကို
ရေးတတ်တယ်ဗျာ
ReplyDeleteဖတ်ပြီးတော့ သနားသလို ကိုယ်ပါမောသလိုလို ဖြစ်သွားတယ်
ဒီဘတ်ခေတ်ရဲ့ အအေးဆိုင်တွေကကြံရည်တစ်မျိုးပဲ ရတော့တယ်။ အရုပ်ကလေိးကု ကိုယ်ချင်းစာတယ်။ ကဗျာလေးကို ထပ်တူခံစားသွားတယ် အစ်ကိုရေ့ .။
ReplyDeleteအရေးသားတွေကတော့ ရေလည်လန်းတယ်ဗျာ.။
ကြံရည်ပဲ ရတော့ရင် ရင် ကြံရည်ပဲ ပေးဗျာ ..။
ReplyDeleteဒီကိုလည်းတခွက်...
ReplyDeleteကောင်းတယ်ဗျာ....
ReplyDeleteပုံစံခွက်ထဲကထွက်ဖို့
ကျွန်တော်လည်းကြိုးစားနေဆဲပဲဗျ.....
ဒါမှ.....
ကမ္ဘာမှာသံပတ်တွေမရှိတော့မှာဗျ......