ပြက္ခဒိန်ပေါ်က ကြက်ခြေခတ်များ
စံပယ်တွေ ဖွေးဖွေးလှုပ် ပွင့်ကြမှ
ဖွံဖြိုးဆဲ နိုင်ငံတော်က ကျွန်တော့် ဘုရင်မဟာ
ဗျပ်စောင်းသံတစ်အုပ်နဲ့
မိုးကုတ်စက်ဝိုင်းဆီကို
ခရီးထွက်သွားတယ် …
ကဗျာတစ်ပုဒ်တစ်လေမှ
လက်ဆောင်ပေးခွင့်မရ …
ကျွန်တော့်အလွမ်းတွေ ပဲ့တင်ခွင့်ရရင်
ကောင်းကင်ကတဆင့်
ဘုရင်မကြားပါစေ …
ဝေးသွားတာလဲ မဟုတ်သလို
ကွေကွင်းသွားတာလဲမဟုတ် …
အသံတစ်ကမ်းစာသာ
ကျွန်တော်တို့ခြားနားခဲ့ကြတာ …
လယ်ကွင်းတွေဝင်းမှည့်လာတဲ့အခါ
ဖြစ်နိုင်ရင် ...
ကျွန်တော့် ကဗျာမပြီးမချင်း
ဘယ်ငှက်မှ တေးမဆိုစေရ …
စံပယ်တွေ ဖွေးဖွေးလှုပ် ပွင့်ကြမှ
ဖွံဖြိုးဆဲ နိုင်ငံတော်က ကျွန်တော့် ဘုရင်မဟာ
ဗျပ်စောင်းသံတစ်အုပ်နဲ့
မိုးကုတ်စက်ဝိုင်းဆီကို
ခရီးထွက်သွားတယ် …
ကဗျာတစ်ပုဒ်တစ်လေမှ
လက်ဆောင်ပေးခွင့်မရ …
ကျွန်တော့်အလွမ်းတွေ ပဲ့တင်ခွင့်ရရင်
ကောင်းကင်ကတဆင့်
ဘုရင်မကြားပါစေ …
ဝေးသွားတာလဲ မဟုတ်သလို
ကွေကွင်းသွားတာလဲမဟုတ် …
အသံတစ်ကမ်းစာသာ
ကျွန်တော်တို့ခြားနားခဲ့ကြတာ …
လယ်ကွင်းတွေဝင်းမှည့်လာတဲ့အခါ
ဖြစ်နိုင်ရင် ...
ကျွန်တော့် ကဗျာမပြီးမချင်း
ဘယ်ငှက်မှ တေးမဆိုစေရ …
သိုလှောင်ထားသမျှ
ကာတာ ကျိုးမှ တဝေါဝေါထွက်ကျ
ဘယ်လိုအရာမှ
တားဆီးခွင့်မရှိပေဘူး …
ကိုယ့်ကိုယ်ကို လောင်တဲ့ မီးက ပိုပူတယ် …
ခြားနားခြင်းရလဒ်က
ကျွန်တော့် ပင်လယ်ကို နီမြန်းသွားစေပေါ့ …
နေ့ရက်တွေ တဖြန်းဖြန်း ပွင့်ကြ …
ကျွန်တော့် သက္ကရာဇ်တွေ တဖြန်းဖြန်း ပွင့်ကြ …
နေ့လွဲညလွဲ အလွမ်းတွေလဲ တဖြန်းဖြန်း ပွင့်ကြ …
ဘုရင်မရေ …
တခေါက်တခါဖြစ်ဖြစ်တော့ …
ကဗျာဆရာ ခေါင်းချရာအရပ်ကို ပြန်ခဲ့ကွယ် … …
တည်ညိမ်းကို
ကာတာ ကျိုးမှ တဝေါဝေါထွက်ကျ
ဘယ်လိုအရာမှ
တားဆီးခွင့်မရှိပေဘူး …
ကိုယ့်ကိုယ်ကို လောင်တဲ့ မီးက ပိုပူတယ် …
ခြားနားခြင်းရလဒ်က
ကျွန်တော့် ပင်လယ်ကို နီမြန်းသွားစေပေါ့ …
နေ့ရက်တွေ တဖြန်းဖြန်း ပွင့်ကြ …
ကျွန်တော့် သက္ကရာဇ်တွေ တဖြန်းဖြန်း ပွင့်ကြ …
နေ့လွဲညလွဲ အလွမ်းတွေလဲ တဖြန်းဖြန်း ပွင့်ကြ …
ဘုရင်မရေ …
တခေါက်တခါဖြစ်ဖြစ်တော့ …
ကဗျာဆရာ ခေါင်းချရာအရပ်ကို ပြန်ခဲ့ကွယ် … …
တည်ညိမ်းကို
စံပယ်တွေ ဖွေးဖွေးလှုပ် ပွင့်ကြမှ
ReplyDeleteဖွံဖြိုးဆဲ နိုင်ငံတော်က ကျွန်တော့် ဘုရင်မဟာ
ဗျပ်စောင်းသံတစ်အုပ်နဲ့
မိုးကုတ်စက်ဝိုင်းဆီကို
ခရီးထွက်သွားတယ်
အရေးအသားတွေလှတယ်ကွာ
တယ်ဆိုတဲ့ တော်လ်ကီတွေပါလားနော်။
ReplyDeleteဘုရင်မကိုတောင် ကဗျာဆရာ ခေါင်းချရာ
အရပ်ကို ပြန်လာခိုင်းနေတာ။ ကြိုက်၏။
ပြန်တင်လိုက်ဦးမယ်။ ဟဲဟဲ။
ချိုးတွမ်း
"လယ်ကွင်းတွေဝင်းမှည့်လာတဲ့အခါ
ReplyDeleteဖြစ်နိုင်ရင် ...
ကျွန်တော့် ကဗျာမပြီးမချင်း
ဘယ်ငှက်မှ တေးမဆိုစေရ …
သိုလှောင်ထားသမျှ
ကာတာ ကျိုးမှ တဝေါဝေါထွက်ကျ
ဘယ်လိုအရာမှ
တားဆီးခွင့်မရှိပေဘူး … "
အစ်ကိုရေ...အလွမ်းဘုရင်မလား၊ အချစ်ဘုရင်မလား။
ဟေ့ မန်း ရွားတယ်ကွာ တော်ကီကတော့ လန်ထွက် လျှံတက်နေတာပဲ။ တပုဒ်လုံးကြိုက်တယ်။
ReplyDeleteအကိုရေ..ကဗျာလေးကကောင်းတယ်။ စာသားတွေကမိုက်တယ်။
ReplyDeleteစံပယ်တွေ ဖွေးဖွေးလှုပ် ပွင့်ကြမှ
ReplyDeleteဖွံဖြိုးဆဲ နိုင်ငံတော်က ကျွန်တော့် ဘုရင်မဟာ
ဗျပ်စောင်းသံတစ်အုပ်နဲ့
မိုးကုတ်စက်ဝိုင်းဆီကို
ခရီးထွက်သွားတယ် …
လယ်ကွင်းတွေဝင်းမှည့်လာတဲ့အခါ
ဖြစ်နိုင်ရင် ...
ကျွန်တော့် ကဗျာမပြီးမချင်း
ဘယ်ငှက်မှ တေးမဆိုစေရ …
သိုလှောင်ထားသမျှ
ကာတာ ကျိုးမှ တဝေါဝေါထွက်ကျ
ဘယ်လိုအရာမှ
တားဆီးခွင့်မရှိပေဘူး …
နေ့ရက်တွေ တဖြန်းဖြန်း ပွင့်ကြ …
ကျွန်တော့် သက္ကရာဇ်တွေ တဖြန်းဖြန်း ပွင့်ကြ …
နေ့လွဲညလွဲ အလွမ်းတွေလဲ တဖြန်းဖြန်း ပွင့်ကြ …
ဘုရင်မရေ …
တခေါက်တခါဖြစ်ဖြစ်တော့ …
ကဗျာဆရာ ခေါင်းချရာအရပ်ကို ပြန်ခဲ့ကွယ် … …
အကောင်းဆုံးစကားလုံးအဖွဲ့ အနွဲ့ တွေဗျာ
ကြိုက်တယ်လို့ ပြောရတာနည်းနေတယ်ထင်တယ်
ဘိုပြောရမှန်းကိုမသိဘူး မိုက်တယ် ;)
***** ကိုတည်ရေကျွန်တော်လည်းကဗျာရေးချင်နေတယ်
ရေးမယ်လုပ်လိုက်တိုင်းလည်း
ကျွန်တော့်ဧ၀လေးနှောက်ယှက်နေလို့ 
ရေးလို့ ကိုမရဘူး
*******
ကိုတည်ကြီး အွန်လိုင်းပေါ်မလာပဲနဲ့ ဘုရင်မနောက်လိုက်နေတာလား... စာသားတွေကတော့ အမိုက်စားတွေကြီးပဲ... အွန်လိုင်းမလာပဲနဲ့ ကြိတ်ပြီးကဗျာတွေ ရေးနေတယ်ပေါ့လေ... ဘုရင်လဖြစ်ခဲ့ရင်တောင် ဧကရီလိုဘုရင်လမှိုးပဲ ဖြစ်ချင်တယ်... ဘယ်လိုဘုရင်မမျိုးနဲ့ ကိုတည်က ကောင်မလေးကို နှိုင်းယှဉ်တာတုန်း... ကဗျာကိုကြိုက်တယ်ကိုတည်ရေ...
ReplyDeleteကြိုက်တာကို ကြိုက်တယ်လို့ပဲ ပြောတော့မယ်ဗျာ.. ကဗျာမပေးရခင် ခဏဝေးသွားတယ်ပေါ့... အားပေးနေတယ်.. ကြိုက်တယ်ဗျာ.. ဒါပဲပြောတတ်တော့တယ်.. :)
ReplyDeleteကဗျာလေးကို ကြိုက်တယ်နော် ဘုရင်ကိုတောင်မှ အားမနားဘူး မကြောက်ဘူးလားဘုရင်ကိုလေ
ReplyDeleteချစ်သူကို ဘုရင်မနဲ့တင်စားမှတော့ အဲဒါကဗျာဆရာဆိုတာ သေချာပြီပေါ့ ဘုရင်မသာ ကဗျာဆရာခေါင်းချရာအရပ်ကို ပြန်လာခဲ့ရင် ဧကရီရဲ့မျက်ရည်တွေနဲ့ ကဗျာတွေပြန်လည်နိုးထမလား
ReplyDelete