Sunday, June 15, 2008

စိမ့်ပေါက်

ဒီတစ်ခေါက် အိမ်အပြန်

ချစ်သူလက်ကို ဖမ်းဆုပ်ကြည့်တော့ …

ရင်ခုန်သံက

နေတစ်ခြမ်း … လ တစ်ခြမ်း …


ညနေပျပျ နဲ့

ခိုးခိုးပြီးပွင့်တတ်တဲ့ အပြုံးများ

ဘယ်ဖက်အိပ်ကပ်ထဲကနှိုက်ထုတ်ခံရ …

ဒီတစ်ခေါက် အိမ်အပြန်

ရင်ကိုခွဲတဲ့ နှုတ်ခမ်းကလဲ

နေတစ်ခြမ်း … လ တစ်ခြမ်း …


ချစ်လို့ထားရစ်ခဲ့သတဲ့လား …

မနေ့ညကသောက်တဲ့ ၀ိုင်ထဲ

ငါတို့နှစ်ယောက်ရဲ့ ကိုယ်သင်းရနံ့တွေရောထည့်ဖို့

မင်း … မေ့နေခဲ့တယ်ထင်ရဲ့ …


လွင်ပြင်စိမ်းစိမ်းတွေအကြောင်းပဲ ပြောကြရအောင်ကွယ် …

ခိုင်မြဲပြီးသား ကြိုးကိုဖြတ်ဖို့

မင်းစိတ်ဓါးသွားတွေကို

… ထုတ် … ထုတ် မကြည့်စမ်းနဲ့ …


သင်္ဘောမစီးဖူးတဲ့ ပင်လယ်ခရီးသွား

ခပ်ကြမ်းကြမ်းလေး လှိုင်းမူးခဲ့တာပါ …

မင်းရဲ့ သနပ်ခါးရနံ့တွေနဲ့ပဲ

ငါ့ကို ကူညီစေချင်တယ် …


လ, အလင်းနောက် တကောက်ကောက်လိုက်ရင်း

ညရဲ့ ပြူစားခြင်းကိုခံရသူဟာ

ဆောင်းနံ့မစင်တဲ့ ၀တ်မှုံလို

ကွေးညွတ်အေးစက်ရ …

လောကဓံရေ …

သင်နှင့်ကျွန်ုပ်

အဘယ်ရန်ငြှိုးရန်စမျှ

မရှိခဲ့ပေဘူး …


တံခါးခေါက်ပြီးမ၀င်တတ်တဲ့အကျင့်ကြောင့်

ချောင်ကျကျ အခန်းထောင့်မှာ

အမှောင်ကိုစီရင်ဖို့

ငါ့လိပ်ပြာကိုပဲ ဖမ်းချုပ်လိုက်မိပေါ့ …

တည်ညိမ်းကို




5 comments:

  1. အကိုကြီးရေ ကဗျာကောင်းတစ်ပုဒ်ဖတ်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ကျန်းမာပါစေ။ အစစအရာရာ အဆင်ပြေပါစေခင်ဗျာ :) :)

    ReplyDelete
  2. ကဗျာလာခံစားသွားတယ် ညီလေးရေ။

    ReplyDelete
  3. အကိုကြီးရေ ... မရေးတာ ကြာပေးမဲ့
    ထွက်လာ သမျှ အရည်အသွေး မကျ သေးဘူးဗျို့..... ကောင်းတယ် ... ကောင်းတယ်
    အားလုံး အဆင်ပြေပါစေဗျာ

    ReplyDelete
  4.ိကိုတည် အဆင်ပြေပါစေရှင် ခုမှပြန်ရောက်ဖြစ်တယ် ကဗျာကောင်းတစ်ပုဒ်
    ထပ်ပြီးဖတ်ရတဲ့တွက် ကျေးဇူးတင်တယ်အကိုရေ

    ReplyDelete
  5. ခုမှဖတ်ရတယ်
    တယ်ရင်း...
    ကောင်းတယ်ဆိုတာပဲ ပြောတတ်တယ်..
း)
    အဆင်ပြေပါစေ..

    ReplyDelete