ညစာချန်သူများ
အရိပ်ကိုကြည့်ပြီး အရပ်တိုင်းသူများနဲ့
မနေ့ညက
ညစာအတူစားခဲ့ရ …
အတိတ်ကရွှေထီးဆောင်းခဲ့တာတွေ
စားမြုံ့မပြန်ကြေး
အဲဒီလိုပြောရင်း ၀ီစကီသောက်ခဲ့တယ် …
တစ်ယောက်ပြီးတစ်ယောက် ရွက်လွှင့်သွားလိုက်တာ
ကိုယ့်ကျောကိုယ်သတ်ရင်း
တစ်ယောက်ထဲ ကျန်ခဲ့တဲ့အထိ …
ပန်းပင်စိုက်တုန်းကတော့
ပန်းဘယ်နှစ်ပွင့် ပွင့်မယ်လို့ကြိုသိမလဲ
တခါတခါ ကံကြမ္မာက …
အဲဒီလို … … မှော်ဆန်တယ် … …
ကိုယ့်လမ်းကိုယ်လျှောက်တာချင်းအတူတူ
ကျဉ်းတဲ့လမ်းက ကျဉ်းပြီး
ကျယ်တဲ့လမ်းက ကျယ်တယ် …
လမ်းကျယ်တဲ့လူက ဖိနပ်ကြီးကြီးစီးနိုင်ပြီး
လမ်းကျဉ်းတဲ့လူက ဖိနပ်သေးသေးပဲစီးနိုင်တယ် …
ဖိနပ်ကြီးကြီးစီးနိုင်တဲ့လူက မျက်နှာကြီးပြီး
ဖိနပ်သေးသေးစီးနိုင်တဲ့လူက မျက်နှာငယ်တယ် …
သင်တို့ဘ၀တွေကရော
ဘယ်လိုပုံစံနဲ့ နေမြင့်ခဲ့ကြပြီလဲ …
ကမ္ဘာပေါ်မှာ
ကိုယ့်ကိုယ်ကို ပြန်မျှားတဲ့သတ္တ၀ါဟာ
လူတစ်မျိုးပဲရှိပါတယ် …
တည်ညိမ်းကို
ငါလမ်းငါ့လမ်းငါလျှောက်တာပဲ သူတို့လဲသူတို့လမ်းသူတို့လျှောက်နေကြတာပဲ ဒါပေမဲ့ ဘာကြောင့်များ သူတို့တွေက အဲလို...?
ReplyDeleteဟုတ်တယ်ကိုတည်ရေ အဲလိုပြန်မျှားတဲ့သတ္တ၀ါတွေက အတော်ကိုလန့်စရာကောင်းဆုံးပဲနော် ...၊
အဆင်ပြေပါစေကိုတည်ရေ...း)
ကိုTကြီးရေ မိုက်တယ်ဗျို့ အားကျ အတုယူရမယ့် အရေးအသားတွေပါ ၊ အဆင်ပြေနေကောင်းပြီဆိုရင် ကဗျာကောင်းကောင်းလေးတွေ ဖတ်ရတော့မယ်နော် အမြန်ဆုံး နေပြန်ကောင်းပါစေ :)
ReplyDelete