အစိမ်းချုပ်
အဲဒီလိုပဲလေ …
နွေကတော့ သူ့ဟာသူကုန်ဆုံးခဲ့တာ …
သစ်ပင်တွေသာ
နွမ်းလိုနွမ်းလိုနွမ်း …
ခြောက်လိုခြောက် …
ကောက်ကြောင်းသိပ်မလှတော့
နွေပန်းချီ မဆွဲချင်ဘူး …
ဖြစ်ချင်တာဖြစ် …
ငါချစ်တဲ့ နှင်းဆီကိုပဲ
စုတ်တံထဲထည့်မယ် …
ဆူးအပြိုင်းအရိုင်းနဲ့
သွေးထွက်သံယို လှပစေ …
ဘာတွေတွေးနေပါသလဲ …
မင်းကြိုက်တဲ့ သီချင်းတွေ
ရေဒီယိုကမလွှင့်တာ
… ကြာခဲ့ပေါ့ …
ငါ့ကိုပဲ ဖြန့်ခင်းကြည့်လိုက် …
မင်းလွှတ်ချခဲ့တဲ့ နှလုံးသားတစ်ခုပြုတ်ကျသံကြားရမယ် …
အမှတ်မရှိတဲ့ကောင်ပေါ့ …
မိုးသံလေသံကြားတိုင်း …
သူ့ကဗျာကိုယ်သူ ထီးအမှတ်နဲ့
ချစ်သူ့ဆံနွယ်ထက်မှာ
(တခုတ်တရ)
ဖြန့်မိုးပေးချင်တုန်း …
အားလုံးကတော့ကောင်းကောင်းမွန်မွန်ပါပဲ …
ကွဲနေတဲ့ ဖန်ပြတင်းစတွေကလွဲရင်ပေါ့ … …
တည်ညိမ်းကို